back

တောင်ဥက္ကလာမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၄,၅၉၄ ဦး ရှိ

Jan 11 • 7:26 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တောင်ဥက္ကလာမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၄,၅၉၄ ဦး ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ ဆန္ဒမဲပေ...

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၁၄,၅၉၄ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၃ ခုတွင် မဲရုံပေါင်း ၇၅ ရုံကို စာသင်ကျောင်းများနှင့် ဓမ္မာရုံများ၌ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားပြီး၊ ပါတီပေါင်းစုံမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါမြို့နယ်အတွင်း ၁၃ ရပ်ကွက်မှာ မဲပေးခွင့်ရှိသူ ၁၃,၉၀၅ ဦးဖြင့် အများဆုံးဖြစ်ပြီး မဲရုံတစ်ရုံလျှင် လူဦးရေ ၁,၀၀၀ မှ ၂,၀၀၀ အထိ အဆင်ပြေစွာ မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။

news-view-count-icon

42