ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန်စီးအောင်ကျေးရွာမှ လူငယ်များသည် ရွာချင်းဆက် ချောင်းကူးတံတား ရေရှည်ကြံ့ခိုင်စေရန်အတွက် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကိုယ်ထူကိုယ်ထ စုပေါင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ တံတား၏ အောက်ခြေတိုင်များ ရေတိုက်စားမှုဒဏ်မှ ကာကွယ်နိုင်ရန်အတွက် ကျေးရွာလူငယ်များက မိမိတို့အစီအစဉ်ဖြင့် ကျောက်ခြင်းများ ထည့်သွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ကိုယ်ပိုင်စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြသည့် ယင်းလူငယ်များ၏ စံနမူနာပြလုပ်ရပ်ကို ဒေသခံများက ချီးကျူးလျက်ရှိကြောင်း သိရှိရပါသည်။
မိုးညှင်းမြို့နယ်၊ နန်စီးအောင်ကျေးရွာလူငယ်များ စုပေါင်း၍ ချောင်းကူးတံတား ကြံ့ခိုင်ရေးလုပ်ငန်းများ ကိုယ်ထူကိုယ်ထ ဆောင်ရွက်
Jan 11 • 7:28 AM
မြန်မာ
ကချင်
မျှဝေမည်
| 69 | 0 | 0 | 0 |


