back

ကိုဗစ်ချေးငွေ ကျပ် ၆ ဘီလီယံကျော် ပြန်လည်ရရှိရန် ကျန်ရှိနေပြီး လုပ်ငန်းရှင် ၃၅၀ ကျော် အတိုး/အရင်း ပေးဆပ်ရန် ပျက်ကွက်လျက်ရှိ

Jan 11 • 7:25 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကိုဗစ်ချေးငွေ ကျပ် ၆ ဘီလီယံကျော် ပြန်လည်ရရှိရန် ကျန်ရှိနေပြီး လုပ်ငန်းရှင် ၃၅၀ ကျော် အတိုး/အရင်း ပေးဆပ်ရန် ပျက်ကွက်လျက်ရှိ

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအဖြစ် ထုတ်ချေးပေးထားသည့် ချေးငွေများအနက် ငွေကျပ် ၆ ဒသမ ၇၄၅ ဘီလီယံအတွက် အတိုးနှင့် အရင်းများ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ရင်းနှီး...

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအဖြစ် ထုတ်ချေးပေးထားသည့် ချေးငွေများအနက် ငွေကျပ် ၆ ဒသမ ၇၄၅ ဘီလီယံအတွက် အတိုးနှင့် အရင်းများ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) မှ သိရသည်။ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသည့် လုပ်ငန်းရှင် ၃၅၇ ဦးရှိနေပြီး အချို့မှာ လုပ်ငန်းနေရာတွင် မရှိတော့ခြင်းနှင့် အဆက်အသွယ်မရတော့ခြင်းများ ကြုံတွေ့နေရကြောင်း MIFER ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောကြားထားသည်။ ကိုဗစ်ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံအနက် လက်ရှိအချိန်ထိ ကျပ် ၁၅၈ ဘီလီယံကျော် ထုတ်ချေးထားရာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ ကျပ် ၉၅ ဘီလီယံကျော်သာ ပြန်လည်ရရှိသေးကြောင်းနှင့် အစိုးရအလွှဲအပြောင်းမတိုင်မီ ချေးငွေများ အပြေအကျေပေးဆပ်ကြရန် ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါသည်။

news-view-count-icon

38