back

ရှမ်းပြည်မြောက်ပိုင်း၊သီပေါရှိ ကျားဖြန့်လုပ်ကွက်များတွင် မူးယစ်ဆေးချက် ပစ္စည်းများပါ တွေ့ရှိခဲ့

Jan 11 • 6:01 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်မြောက်ပိုင်း၊သီပေါရှိ ကျားဖြန့်လုပ်ကွက်များတွင် မူးယစ်ဆေးချက် ပစ္စည်းများပါ တွေ့ရှိခဲ့

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်ရာနေရာများတွင် မူးယစ်ဆေးဝါး ချက်လုပ်သည့် ပစ္စည်းများကိုပါ တွေ့ရှိခဲ...

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်ရာနေရာများတွင် မူးယစ်ဆေးဝါး ချက်လုပ်သည့် ပစ္စည်းများကိုပါ တွေ့ရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။ပြီးခဲ့သည့်ဇန်နဝါရီ ၈ ရက်မှ ၁၀ ရက်အထိ ၃ ရက်ဆက်တိုက် မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ပစ္စည်းများကိုပါ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။မိန်းခေးမှ ၅ မိုင်ခန့်သာ ကွာဝေးသည့် ဝမ်မော်ရှိ တစ်နေရာကို စ Y-12 လေယာဉ်ဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ရာ ယင်းနေရာမှာ ကျားဖြန့်လုပ်ငန်းခွင်တစ်နေရာဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် ကျားဖြန့်လုပ်ငန်းများနှင့် နီးစပ်သည့်နေရာများတွင် ဒေသခံပြည်သူများ မနေထိုင်ကြရန် အချင်းချင်း သတိပေးနေကြကြောင်း သိရသည်။


news-view-count-icon

47