back

ကိုရီးယားရောက် ရွှေ့ပြောင်းလုပ်သားတွေ အတွက် အနိမ့်ဆုံးလုပ်ခနှုန်းထားနဲ့ကျန်းမာရေးအာမခံကြေးနှုန်းထားတစ်ချို့ပြောင်းလဲ

Jan 11 • 5:47 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကိုရီးယားရောက် ရွှေ့ပြောင်းလုပ်သားတွေ အတွက် အနိမ့်ဆုံးလုပ်ခနှုန်းထားနဲ့ကျန်းမာရေးအာမခံကြေးနှုန်းထားတစ်ချို့ပြောင်းလဲ

ကိုရီးယားရောက် ရွှေ့ပြောင်းလုပ်သားတွေ အတွက် ၂၀၂၆ ခုနှစ်က စပြီး အနိမ့်ဆုံးလုပ်ခနှုန်းထားနဲ့ကျန်းမာရေးအာမခံကြေးနှုန်းထားတစ်ချို့ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။အခု...

ကိုရီးယားရောက် ရွှေ့ပြောင်းလုပ်သားတွေ အတွက် ၂၀၂၆ ခုနှစ်က စပြီး အနိမ့်ဆုံးလုပ်ခနှုန်းထားနဲ့ကျန်းမာရေးအာမခံကြေးနှုန်းထားတစ်ချို့ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။အခုလို ပြောင်းလဲလိုက်တဲ့ နှုန်းထားတွေနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာကနေ အသိပေးပြောထားပါတယ်။၂၀၂၆ခုနှစ်အတွက် အနိမ့်ဆုံး လုပ်ခလစာ ၁နာရီ ကို ၁၀,၃၂၀ ဖြစ်ပြီး ၂ ဒဿမ ၉ ရာခိုင်နှုန်းတက်လာတယ်လို့ " မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာကဆိုပါတယ်။အခြေခံ လစာ အနေနဲ့ ၁ ပတ် နာရီ ၄၀ ၊ ၂၀၉ နာရီစာအတွက် ဝမ် ၂၁၅၆၈၈၀ ၊ အလုပ်သမား ၅ယောက်အထက်ကုမ္ပဏီ လုပ်သား ဖြစ်တယ်ဆို အချိန်ပို၊အနီရက်၊ညဆိုင်း ၁နာရီလုပ်အားခ ဝမ် ၁၅,၄၈၀ 15,480 ဖြစ်သွားမယ်လို့သိရပါတယ်။၂၀၂၆ခုနှစ် ၁လပိုင်း က စပြီး ကျန်းမာရေးအာမခံကြေး ၇ ဒဿမ ၁၉ ရာခိုင်နှုန်း ပေးဆောင်ရတော့မှာ ဖြစ်ပြီး ၊ ရာခိုင်နှုန်းအရ ၀ ဒဿမ ၁ ရာနှုန်း တက်တာဖြစ်လို့ ၁,၂၈၀ ဝမ်လောက်ကျမှာဖြစ်တယ်လို့သိရပါတယ်။လဝက မှာ တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားတဲ့ အလုပ်သမားတိုင်း ကျန်းမာရေးအာမခံကို 직장가입자 အနေနဲ့ စာရင်းသွင်းလို့ရပြီး ၊ အခုလို ကျန်းမာရေးအာမခံကို အလုပ်ရှင်တစ်ဝက် အလုပ်သမားတစ်ဝက် ဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။၂၀၂၆ခုနှစ် ၁လပိုင်းကစပြီး ၊ အလုပ်သမား ဥပဒေ ပြင်ဆင်ချက် တွေ နဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေ သိသင့်သိထိုက်တာတွေ ကြိုတင်သိရှိဖို့ စင်တာအနေနဲ့ အသိပေးကြောကြားထားတာဖြစ်တယ်လို့သိရှိရပါတယ်။


news-view-count-icon

42