UNICEF အပါအဝင် NGO နဲ့ INGO အဖွဲ့အစည်းတွေက ပေးတဲ့အကူအညီအထောက်အပံ့တွေ အကျိုးခံစားခွင့်နဲ့ လဲလှယ်တောင်းဆိုရင် တိုင်ကြားနိုင်တယ်လို့ UNICEF က အသိပေးပြောလာပါတယ်။UNICEF အပါအဝင် ပူးပေါင်းလုပ်ဆောင်နေတဲ့ NGO နဲ့ INGO အဖွဲ့အစည်းတွေက ပေးတဲ့အကူအညီ၊ ထောက်ပံ့မှုတွေအားလုံးဟာ အခမဲ့ ဖြစ်တယ်လို့ဆိုပါတယ်။ ကူညီထောက်ပံ့နေတဲ့ ဝန်ထမ်းတွေက အကူအညီ တွေ ရဖို့အတွက် ငွေကြေးဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာအပါအဝင် ဘယ်လို အကျိုးခံစားခွင့်အတွက် လဲလှယ်တောင်းဆိုမှုမျိုးကိုမဆို တားမြစ်ထားပါတယ်လို့ " UNICEF က ပြောပါတယ်။သဘာဝဘေးအန္တရာယ်ကျရောက်ပြီးအပါအဝင် ဘယ်လို အခြေအနေအခါမျိုးမဆိုကလေးတွေနဲ့ ဆယ်ကျော်သက်တွေ၊ အရွယ်ရောက်ပြီး လူကြီးလူငယ်မရွေးအပေါ် ကူညီထောက်ပံ့နေတဲ့ ဝန်ထမ်းတွေက အကူအညီများရဖို့အတွက် ငွေကြေးဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာအပါအဝင် ဘယ်လို အကျိုးခံစားခွင့်အတွက် လဲလှယ်တောင်းဆိုမှုမျိုးကိုမဆို တားမြစ်ထားတာဖြစ်ပါတယ်။အခုလို လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေက အကူအညီပေးနေတဲ့ ဝန်ထမ်းတွေ က ကျူးလွန်ချိုးဖောက်တာတွေကို ကြားခဲ့၊ မြင်ခဲ့၊ သိရှိခဲ့တာ ၊ သံသယဖြစ်စရာ ကိစ္စတွေ ရှိနေရင် တိုင်ကြားသွားနိုင်တယ်လို့သိရပါတယ်။



