back

ပြည်တွင်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များ မြိတ်-ထားဝယ်ခရီးစဉ်များသာ အားထားလာ‌ေနရ

Jan 11 • 6:07 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များ မြိတ်-ထားဝယ်ခရီးစဉ်များသာ အားထားလာ‌ေနရ

ပြည်တွင်းရှိ ကမ်းရိုးတန်းသွားရေကြောင်းခရီးစဉ်များတွင် ယခုနောက်ပိုင်း မြိတ်-ထားဝယ်ဘက် ခရီးစဉ်လမ်းကြောင်းများ ကိုသာ အားထား၍ပြေးဆွဲနေရကြောင်း အဆိုပါရေယာဉ်လုပ်ငန်းရ...

ပြည်တွင်းရှိ ကမ်းရိုးတန်းသွားရေကြောင်းခရီးစဉ်များတွင် ယခုနောက်ပိုင်း မြိတ်-ထားဝယ်ဘက် ခရီးစဉ်လမ်းကြောင်းများ ကိုသာ အားထား၍ပြေးဆွဲနေရကြောင်း အဆိုပါရေယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။အရင်တုန်းကတော့ ရခိုင်ဘက်လမ်းကြောင်းက အားထားပြီးပြေးဆွဲရတယ်၊ အရင်လောက်တော့ ခေါက်ရေမများတော့ဘူး၊ တစ်လနေလို့မှ နှစ်ခေါက်၊ တစ်ခါတလေ သုံးခေါက် ဒီလောက်ပဲ ရှိတော့တာ၊ ကုန်မရလို့တော့မဟုတ်ဘူး၊ အကန့်အသတ်တွေကြောင့်ပေါ့၊ အခုက မြိတ်-ထားဝယ် လမ်းကြောင်းဘက်ပဲ အားကိုးနေရတဲ့အနေအထားပါ၊ မြိတ်-ထားဝယ် လမ်းကြောင်းဆိုတာလည်း အရင်တုန်းကတည်းက သိပ်အကောင်းကြီးရယ်တော့မဟုတ်ဘူး၊ ဒါကြောင့်လည်း ရခိုင်ဘက်အားထား ပြေးခဲ့ရ တာပေါ့”ဟု ရေလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။မြိတ်-ထားဝယ် ခရီးစဉ်လမ်းကြောင်းတွင် အိမ်ဆောက်ပစ္စည်းများ၊ ဘိလပ်မြေများ စသည့်ကုန်များကို အများဆုံးတင်ဆောင်ရလေ့ရှိပြီး အပြန်တွင်ထိုင်းဘက်မှတင်သွင်းထားသည့် လူသုံးကုန်ပစ္စည်းများကို တင်ဆောင်ရလေ့ရှိကြောင်း၊ ယခုအခါကုန်စည်များတင်သွင်းမှုဆိုင်ရာ မူဝါဒကန့်သတ်မှုများကြောင့် ရန်ကုန်မှအသွားတစ်ကြောင်းသာ ကုန်ပါသည်အခြေအနေမျိုးကြုံရပြီး အပြန်တွင်ကုန်မပါဘဲ ခါလီပြန်လာရသော အခြေအနေများလည်း ကြုံလာသည့်အတွက် တွက်ချေမကိုက်ဘဲဖြစ်နေကြောင်းလည်း ဆိုကြသည်။ရခိုင်ခရီးစဉ်လမ်းကြောင်းတွင် စားသောက်ကုန်နှင့် လူသုံးကုန်များ၊ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းများကို အများဆုံးတင်ဆောင်ရလေ့ရှိပြီး အသွားခရီးစဉ်တွင် ကုန်ပါသလို အပြန်တွင်လည်း ကုန်ပါသည့်အခြေအနေကြောင့်အားထားပြေးဆွဲခဲ့ရဖူးကြောင်း၊ ၂၀၂၀ အရှေ့ပိုင်းက တစ်ပတ်လျှင်ပျမ်းမျှအနည်းဆုံး ရေယာဉ်ငါးစီးလောက်မှာ Up and Down ပြေးဆွဲခဲ့ရသော အခြေအနေမျိုးဖြစ်ခဲ့ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။



news-view-count-icon

47