FA ဖလား လက်ရှိချန်ပီယံ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း non-league ကလပ်ကို အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ ပထမဆုံး ချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ပဲလေ့စ်အသင်းဟာ အင်္ဂလန်ဘောလုံးလိဂ် ဆဋ္ဌမတန်းအဆင့်သာရှိတဲ့ National League North မှာကစားနေတဲ့ မက်ကယ်စဖီးလ်အသင်းကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။အဝေးကွင်းမှာ နှစ်ဂိုးပြတ် အရေးနိမ့်နေပြီးမှ မိနစ် ၉၀ ရောက်မှ တစ်ဂိုး ပြန်သွင်းနိုင်ခဲ့တာဖြစ်တယ်။မက်ကယ်စဖီးလ်အသင်းဟာ ၂၀၂၀ ပြည့်နှစ်ကမှ ကြွေးမြီကြောင့် ဖျက်သိမ်းခဲ့ရတဲ့ မက်ကယ်စဖီးလ်တောင်းအသင်းအစားထိုး တည်ထောင်ထားတဲ့အသင်းပါ။၂၀၂၁-၂၂ ရာသီမှာ အင်္ဂလန်နဝမတန်းအဆင့်ရှိတဲ့ လိဂ်မှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး လေးနှစ်အတွင်း သုံးကြိမ် တန်းတက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကစားသမားဟောင်း ဆာဗေ့ချ်က အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အခုရာသီမှာတော့ ဝိန်းရွန်နီရဲ့ညီဖြစ်သူ ဂျွန်ရွန်နီက ကိုင်တွယ်နေတာဖြစ်ပါတယ်။



