back

တောင်အာဖရိက ကမ်းလွန်၌ တရုတ်၊ ရုရှားနှင့်အီရန်စစ်သင်္ဘောများ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

Jan 11 • 3:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

တောင်အာဖရိက ကမ်းလွန်၌ တရုတ်၊ ရုရှားနှင့်အီရန်စစ်သင်္ဘောများ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

တရုတ်၊ ရုရှားနှင့် အီရန်စစ်သင်္ဘောများသည်သီတင်းတစ်ပတ်ကြာ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုများကို တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ကမ်းရိုးတန်း ကမ်းလွန်ရေပြင်အတွင်...

တရုတ်၊ ရုရှားနှင့် အီရန်စစ်သင်္ဘောများသည်သီတင်းတစ်ပတ်ကြာ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုများကို တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ကမ်းရိုးတန်း ကမ်းလွန်ရေပြင်အတွင်း ဇန်နဝါရီ ၉ရက်တွင် စတင်ခဲ့ကြကြောင်း သိရသည်။ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်ပြည်ထောင်စုက စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက် ပထဝီနိုင်ငံရေးတင်းမာမှုများ ပြင်းထန်နေချိန်တွင် တရုတ်၊ရုရှားနှင့် အီရန်စစ်သင်္ဘောများက တောင်အာဖရိကရေတပ်စစ်သင်္ဘောများနှင့်အတူ တောင်အာဖရိကကမ်းလွန်၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။သီတင်းတစ်ပတ်ကြာမြင့်မည့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း ပင်လယ်ရေကြောင်းလုံခြုံရေး၊ ပင်လယ်ဓားပြအန္တရာယ် ကာကွယ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်အာဖရိကရေတပ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို စီးပွားရေးအင်အားကြီးနိုင်ငံသစ်များ ပါဝင်ဖွဲ့စည်းထားသည့်

ဘရစ်အုပ်စု၏ အစီအစဉ်အရ တရုတ်နိုင်ငံကဦးဆောင်ပြုလုပ်နေခြင်းဖြစ်သည်။ဘရစ်အုပ်စုတွင် တောင်အာဖရိက၊ တရုတ်၊ရုရှားနှင့် အီရန်တို့အပြင် ဘရာဇီး၊ အိန္ဒိယနှင့် အာရပ်

စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)တို့သည်လည်း အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။


news-view-count-icon

45