back

စစ်ကိုင်းတိုင်း၊ကသာမြို့တွင် ဈေးဆိုင်အချို့ပြန်ဖွင့်ပေမဲ့ စားသောက်ကုန်ပစ္စည်းအချို့ ပြတ်လပ်နေ

Jan 11 • 3:50 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ကသာမြို့တွင် ဈေးဆိုင်အချို့ပြန်ဖွင့်ပေမဲ့ စားသောက်ကုန်ပစ္စည်းအချို့ ပြတ်လပ်နေ

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်မှာ ဈေးအရောင်းအဝယ်တချို့ ပြန်ထွက်လာကြပြီး စားသောက်ကုန်ချို့လည်း ပြတ်လပ်နေတယ်လို့ ကသာမြို့ခံတွေက ပြောပါတယ်။ကသာမြို့ပေါ်က ကုန...

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်မှာ ဈေးအရောင်းအဝယ်တချို့ ပြန်ထွက်လာကြပြီး စားသောက်ကုန်ချို့လည်း ပြတ်လပ်နေတယ်လို့ ကသာမြို့ခံတွေက ပြောပါတယ်။ကသာမြို့ပေါ်က ကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်တချို့ ပြန်လည်ဖွင့်လှစ်လာသလို ဘူတာဈေးမှာလည်း ဈေးအရောင်းအဝယ်တွေ ရှိလာတယ်လို့ ဆိုပါတယ်။ဒေသထွက် ရာသီပေါ်သီးနှံတချို့ကလွဲရင် ခေါက်ဆွဲခြောက်၊ စားသုံးဆီနဲ့ဟင်းခတ်အမွှေးအကြိုင်မှုန့်စတဲ့ စားသောက်ကုန်တွေ ဝယ်မရတော့ဘူးလို့ ကသာမြို့ခံတချို့က ပြောပါတယ်။"စက်သုံးဆီလည်း ပြတ်တယ်။ စားသောက်ကုန်ကတော့ ဆီတို့ခေါက်ဆွဲခြောက်တို့ပေါ့။ ဆိုင်တိုင်းပြန်မဖွင့်ကြပေမဲ့ ရက်ကကြာလာတော့ တော်တော်များများပြန်ဖွင့်ကြတယ်ပြောတယ်။ "ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

news-view-count-icon

27