back

စစ်ကိုင်းတိုင်း၊ကသာမြို့ထဲမှာ သူခိုးတွေသောင်းကြမ်းနေလို့ ဖမ်းဆီးထိန်းသိမ်းပေးရန် ပြည်သူတွေတောင်းဆို

Jan 11 • 3:47 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ကသာမြို့ထဲမှာ သူခိုးတွေသောင်းကြမ်းနေလို့ ဖမ်းဆီးထိန်းသိမ်းပေးရန် ပြည်သူတွေတောင်းဆို

စစ်ကိုင်းတိုင်း၊ကသာမြို့မှာ နေအိမ်ဖောက်ထွင်းခံရတဲ့ဖြစ်စဉ်တွေရှိနေတာကြောင့် သူခိုးတွေကို ဖမ်းဆီးထိန်းသိမ်းပေးစေလိုကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။ဖောက်ထွင်းသူခ...

စစ်ကိုင်းတိုင်း၊ကသာမြို့မှာ နေအိမ်ဖောက်ထွင်းခံရတဲ့ဖြစ်စဉ်တွေရှိနေတာကြောင့် သူခိုးတွေကို ဖမ်းဆီးထိန်းသိမ်းပေးစေလိုကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။ဖောက်ထွင်းသူခိုးတွေဟာ မြို့ပေါ်ကနေ ပဋိပက္ခများကြောင့် နေရပ်စွန်ခွာကြရတဲ့ ပြည်သူတွေရဲ့ နေအိမ်က ပစ္စည်း‌တွေကို အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခိုးယူနေကြတယ်လို့ ကသာမြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။"မီးလောင်လို့ နေအိမ်တွေပျက်စီးရပါတယ်။ မီးမလောင်တဲ့အိမ်တွေကျတော့လည်း အခွံပဲ ကျန်ခဲ့ရတယ်။ တစ်မြို့လုံးနီးပါးပါပဲခိုးတာ။ သူခိုးတွေက ညမှခိုးတာ မဟုတ်တော့ဘူး။ ညနေစောင်းရင်ကိုခိုးနေကြပြီ။"လို့ ဆိုပါတယ်။

news-view-count-icon

35