ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့၊ရပ်ကွက်(၁)၊ချယ်ရီမြိုင်(၁)လမ်းမှာ ကားကြီးတစ်စီး ဘရိတ်ပေါက်ကာ အုတ်တံတိုင်းဝင်တိုက်မိပြီး အမျိုးသား
တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ၁၀ရက်နေ့နေ့လယ်ပိုင်းအချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားခေါင်းခန်းအတွင်း လူညှပ်နေတာကြောင့် လူမူကူညီရေးအသင်းက သွားရောက်ကူညီခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကားအတွင်းညှပ်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တာကြောင့် လားရှိုးပြည်သူ့ဆေးရုံကြီး၊အရေးပေါ်ဌာနကိုပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ 


