back

ထိုင်းနိုင်ငံ၊အယုဒ္ဓယအဝေးပြေးလမ်းတွင် မြန်မာအလုပ်သမား ၁၃ ဦးနှင့် ယာဉ်မောင်း ဖမ်းဆီးခံရ

Jan 11 • 3:04 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊အယုဒ္ဓယအဝေးပြေးလမ်းတွင် မြန်မာအလုပ်သမား ၁၃ ဦးနှင့် ယာဉ်မောင်း ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ အယုဒ္ဓယမြို့နယ် အဝေးပြေးလမ်းမကြီးတနေရာတွင် တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးအားတင်ဆောင်လာသည့် ကားတစီးကို ယမန်နေ့၊ ဇန်နဝါရီလ ၉ ရက်၊ နေ့လယ် ၂ နာရီခန့...

ထိုင်းနိုင်ငံ ၊ အယုဒ္ဓယမြို့နယ် အဝေးပြေးလမ်းမကြီးတနေရာတွင် တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးအားတင်ဆောင်လာသည့် ကားတစီးကို ယမန်နေ့၊ ဇန်နဝါရီလ ၉ ရက်၊ နေ့လယ် ၂ နာရီခန့်တွင်ဖမ်းဆီးခဲ့ကြောင်း အဝေးပြေးလမ်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ဘန်ကောက်မြို့အတွင်းသို့ တရားမဝင်လုပ်သားများ ခိုးယူသယ်ဆောင်လာမည်ဖြစ်ကြောင်း ကြိုတင်သတင်းရရှိချက်အရ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အယုဒ္ဓယအဝေးပြေးရဲတပ်ဖွဲ့ကဆိုသည်။စစ်ဆေးချက်အရ ယာဉ်မောင်းမှာ အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကားအတွင်း၌ မြန်မာအလုပ်သမား ၁၃ ဦးကို တွေ့ရှိခဲ့သည်။ ၎င်းတို့တွင် နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် မည်သည့်အထောက်အထားစာရွက်စာတမ်းမျှ မရှိကြကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ မြန်မာလုပ်သားများ၏ ထွက်ဆိုချက်အရ ၄င်းတို့သည် ပွဲစားအား တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိပေးချေခဲ့ရပြီး ကားများကို အဆင့်ဆင့်ပြောင်းစီးခဲ့ရသည်။ ထို့နောက်စင်ပူရီ (Sing Buri) ခရိုင်မှ ဘန်ကောက်မြို့တွင် အလုပ်ရှာရန် သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ယာဉ်မောင်းနှင့် အလုပ်သမား များအားလုံးကို ဖမ်းဆီးထိန်းသိမ်းကာ ဥပဒေအရ အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း အဝေးပြေးလမ်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

news-view-count-icon

37