မန်စီးတီးတိုက်စစ်ကစားသမားသစ် ဆယ်မန်ယိုဟာ အသင်းလိုချင်တာ၊ အသင်းဘာလိုအပ်သလဲ ဆိုတာကို အတိအကျသိသူလို့ လက်ထောက်နည်းပြ ပတ်လင်ဒါစ်က ချီးကျူးခဲ့ပါတယ်။ဆယ်မန်ယိုရဲ့ ပေါင် ၆၅ သန်းတန် အပြောင်းအရွှေ့ဟာ သောကြာနေ့ကမှ အပြီးသတ်ခဲ့ပေမဲ့ အိတ်စ်တာနဲ့ FA ဖလားပွဲမှာ ပွဲထွက်ကစားခဲ့ပါတယ်။၎င်းဟာ ပွဲဦးထွက်မှာ ကိုယ်တိုင်တစ်ဂိုး သွင်းသလို၊ အသင်းဖော် ရီကိုလူးဝစ်အတွက်လည်း တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။ဒါ့အပြင် အခုပွဲအတွက် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။
Jan 11 • 3:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


