back

တာချီလိတ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Jan 11 • 2:44 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သော ပါမောက္ခ၊ ဌာနမှူးများက ဆွေးနွေးပို့ချမည့် ၂၀၂၅-...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သော ပါမောက္ခ၊ ဌာနမှူးများက ဆွေးနွေးပို့ချမည့် ၂၀၂၅-၂၀၂၆ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၉ ရက် နံနက် ၈ နာရီက အခြေခံပညာအထက်တန်း ကျောင်း(တာချီလိတ်)ခန်းမတွင် ကျင်းပသည်။အခမ်းအနားတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကာ အလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက တာဝန်ရှိသူများထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။ထို့နောက်အဆိုပါ အလုပ်ရုံဆွေနွေးပွဲကို အ.ထ.က (ဆန်ဆိုင်း)နှင့် အ.ထ.က (တာချီလိတ်)ကျောင်းတို့တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ ၂၈၈ ဦးနှင့် တာချီလိတ်၊ မိုင်းဆတ်ခရိုင်အတွင်းရှိ အထက်တန်းအဆင့် ဆရာ/ ဆရာမ ၂၅၀ ဦးတို့အား အောင်ချက်မြင့်မားရေး လုပ်ငန်းများ ဆွေးနွေး ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

36