ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကြီးမှာ အအေးဆုံးနေရာက လက်ရှိတိုင်းတာချက်အရ သုဝဏ္ဏဘူမိလေဆိပ်ပါ။ ထိုင်းမိုးဇလရဲ့ ထုတ်ပြန်ချက်အရ အပူချိန် 16.1 ဒီဂရီစဲလ်ဆီးယပ်စ်သာရှိပြီး ဒါဟာ ဘန်ကောက်အတွက် အအေးဆုံး ရာသီဥတုပါ။ လေဆိပ်နဲ့အတူ ဘေးဧရိယာဖြစ်တဲ့ ဘန်ဖိ စမွတ်ပရာကန်လည်း အအေးဆုံး စံချိန်တင်ခဲ့တာပါ။ထိုင်းမှာ အအေးဆုံး စံချိန်တင်ခဲ့တဲ့ အပူချိန်က နခွန်ဖနွမ်က 6.9 ဒီဂရီဆဲလ်စီးယပ်စ်ဖြစ်ပြီး Umphang တာ့ခ်ခရိုင်က 8 ဒီဂရီဆဲလ်စီးယပ်စ်နဲ့ စာရင်းထဲပါခဲ့တာပါ။ ဘန်ကောက်မှာ အပူဆုံးနေရာကတော့ Klong Toey ခရိုင်က Queen Sirikit National Convention Center ဖြစ်ပြီး ထိုင်းတစ်နိုင်ငံလုံးအတွက်ဆို ဖူးခက်လေဆိပ်က ၃၂.၅ ဒီဂရီနဲ့ အပူဆုံးပါ။ ဘန်ကောက်ကတော့ အခု တနင်္ဂနွေအထိ ၁၆ ဒီဂရီဝန်းကျင်မှာ အေးနေဦးမှာဖြစ်ပြီး တနင်္လာကျရင်တော့ ပြန်ပူမှာပါ။ ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာတော့ အပူချိန် ဆက်ကျနေဦးမှာဖြစ်ပြီး ကျန်တဲ့ ဒေသတွေကတော့ ပူဦးမယ်လို့သိရပါတယ်။
Jan 11 • 2:43 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


