back

ထိုင်းမှာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မယ်လို့ ဖွေထိုင်းပါတီ စစ်ကြေညာ

Jan 11 • 2:43 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မယ်လို့ ဖွေထိုင်းပါတီ စစ်ကြေညာ

ထိုင်းနိုင်ငံတွင်သက်ဆင်တို့ မိသားစုဝင်တွေနဲ့ ဆက်စပ်နေပြီး၊ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ပါတီတစ်ခုဖြစ်တဲ့ ဖွေထိုင်းပါတီက ထိုင်းမှာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မယ်လိ...

ထိုင်းနိုင်ငံတွင်သက်ဆင်တို့ မိသားစုဝင်တွေနဲ့ ဆက်စပ်နေပြီး၊ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ပါတီတစ်ခုဖြစ်တဲ့ ဖွေထိုင်းပါတီက ထိုင်းမှာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မယ်လို့ စစ်ကြေညာလိုက်ပြီး လူပေါင်း ၃.၄ သန်းကို ဆင်းရဲတွင်းက ကယ်မယ်လို့ မဲဆွယ်နေပါပြီ။ ပါတီခေါင်းဆောင် Paopoom အဆိုရ “ထိုင်းတွေ မဆင်းရဲစေရ” ဆိုတဲ့ ကမ်ပိန်းနဲ့ သူတို့ လုပ်ဆောင်မှာဖြစ်ပြီး တစ်လကို ဘတ် ၃,၀၀၀၊ တစ်နှစ်ကို ဝင်ငွေ ဘတ် ၃၆,၀၀၀ အောက်သာရသူတွေကို နိုင်ငံတော်က ထောက်ပံ့ပေးမှာပါ။ဥပမာအားဖြင့် ဝင်ငွေတစ်လကို ဘာမှမရှိသူဆိုရင် တစ်နှစ်စာ ဘတ် ၃၆,၀၀၀ ကို အစိုးရက ပေးအပ်သွားမှာဖြစ်ပြီး၊ တစ်နှစ်ကို ဝင်ငွေ ဘတ် ၁၀,၀၀၀ လောက်ပဲ ရနေသူဆိုရင်တော့ နိုင်ငံတော်က ထောက်ပံ့ကြေး ဘတ် ၂၆,၀၀၀ ထပ်ပေးသွားမှာပါ။ ဘတ် ၃၆,၀၀၀ ဆိုတာ ဆင်းရဲညွှန်းကိန်းဖြစ်ပြီး အဲ့ထက် ပမာဏနည်းတဲ့သူဆိုရင် တော်တော်ဆင်းရဲတယ်လို့ စည်းမျဥ်းတွေအရ သတ်မှတ်ထားတာပါ။

news-view-count-icon

23