back

ကလေး-သိုင်းငင်း လမ်း ၈လကြာပိတ်ထားပြီးနောက် ပြန်ဖွင့်ပေမဲ့ ယာဥ်သွားလာခွင့် ကန့်သတ်ထား

Jan 11 • 2:42 AM

breaking-news

မြန်မာ

ချင်း

cover

ကလေး-သိုင်းငင်း လမ်း ၈လကြာပိတ်ထားပြီးနောက် ပြန်ဖွင့်ပေမဲ့ ယာဥ်သွားလာခွင့် ကန့်သတ်ထား

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး- သိုင်းငင်း လမ်းကို ပြန်ဖွင့်ပေးပေမဲ့ ယာဥ် သွားလာခွင့်ကို ပြန်လည်ကန့်သတ်လိုက်တယ်လို့ ကားသမားတွေ...

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး- သိုင်းငင်း လမ်းကို ပြန်ဖွင့်ပေးပေမဲ့ ယာဥ် သွားလာခွင့်ကို ပြန်လည်ကန့်သတ်လိုက်တယ်လို့ ကားသမားတွေက ပြောပါတယ်။၈ လကြာ ပိတ်ထားတဲ့ ကလေး-သိုင်းငင်း ကားလမ်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ပြန်ဖွင့်ပေး ပေမဲ့ မနေ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ယာဥ်သွားလာခွင့်ကို ပြန်ကန့်သတ်လိုက်တာဖြစ်ပါတယ်။"ချင်းတောင်ကနေ ကလေးဘက် ဆင်းမယ်ဆို ဆိုင်ကယ်၊ ကားတွေအကုန်ရတယ်။ ဒါပေမယ့် ကလေးဘက်နေ ချင်းတောင်ကို တက်မယ်ဆို မရဘူး။မနေ့က ပြန်ပိတ်လိုက်ပြီ။"လို့ ကလေးမြို့ခံ ကားသမားတစ်ဦးက ပြောပါတယ်။ကားအဆင်းကို ခွင့်ပြုထားပေမဲ့ ၎င်းတို့ဂိတ်တွေဖြစ်တဲ့ ကလေးမြို့အဝင် ဂိတ်၊ ခိုင်ကမ်းမြို့အကျော် ဂိတ်၊ သိုင်းငင်း ဂိတ်၊ ဟိန်ဇိန် ဂိတ်၊ ထေးဇန်ဂိတ်တွေမှာ ကားသမားတွေထံက အဆမတန် ငွေအတောင်းကြမ်းနေတယ်လို့လည်း ပြောပါတယ်။

news-view-count-icon

41