ဆိုနီအုပ်စုနှင့် ဟွန်ဒါမော်တော်ကားကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ထားသည့် Sony Honda Mobility ကုမ္ပဏီသည် ၎င်းတို့၏ ဆီဒင်ပုံစံ လျှပ်စစ်ကားသစ်များကို အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း စတင်ဖြန့်ဖြူးမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်မူ ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်၌ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ အဆိုပါလျှပ်စစ်ကားများတွင် ယာဉ်မောင်း၏ စိတ်ကြိုက်ပုံစံများကို သင်ယူကာ ခရီးစဉ်များ အကြံပြုပေးနိုင်သည့် ဉာဏ်ရည်တု (AI) အေးဂျင့်များ၊ နည်းပညာမြင့် ယာဉ်မောင်းအကူစနစ်များအပြင် ကားအတွင်း၌ ဂိမ်းကစားခြင်းနှင့် ဖျော်ဖြေရေးလုပ်ဆောင်ချက်အသစ်များစွာ ပါဝင်မည်ဖြစ်ရာ တိုယိုတာ၊ နစ်ဆန်းနှင့် တရုတ်နိုင်ငံမှ BYD ကဲ့သို့သော ကုမ္ပဏီများအကြား ဂျပန်လျှပ်စစ်ကားဈေးကွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
Jan 11 • 2:41 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


