ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ်မှာ အအေးပိုဓာတ်လာတာကြောင့် လမ်းမတွေပေါ် နှင်းတွေခဲပြီး လမ်းချော်မှုကြောင့် ဆိုင်ကယ်နဲ့ ကားတချို့ တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။ တီးတိန်မြို့နယ်၊ တီးတိန်- ကနေဒီ လမ်းမပေါ်ရှိ ဆွောင်းပီးရွာသစ် လမ်းခွဲအနီးမှာ လမ်းမပေါ်မှာ နှင်းတွေ အများအပြားခဲနေတာကြောင့် လမ်းချော်နေတာလို့ ခရီးသွားလာသူတွေက ပြောပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း ကုန်တင်ကားတစ်စီးဟာ နှင်းခဲတွေကြောင့် ကားဘီးချော်ပြီး တိမ်းမှောက်ခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။" ဆိုင်ကယ် တွေ၊ ကားတွေ ချော်ပြီး လဲကြတယ်။ အခုက ဇိုဇန်ရွာအောက်က ဆွောင်ပီးရွာလမ်းခွဲနားမှာ နှင်းတွေခဲနေတာ။ ကားတစ်စီးလဲ မှောက်တယ်၊ အောက်ဖက်တော့မကျသွားဘူး၊ ဆိုင်ကယ်တွေ ဘီးခဏခဏ ချော်ကြတယ်။ သတိထားပြီး သွားဖို့ လိုတယ်။ " လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ကနေဒီတောင်အောက်ဖက်နေရာတွေ၊ လေထန်ကုန်းအနီးတစ်ဝိုက်နေရာတွေမှာ နှင်းခဲနေတာတွေရှိတာကြောင့် ဒေသခံတွေအနေနဲ့ သတိထားမောင်းနှင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
Jan 11 • 2:41 AM
မြန်မာ
ချင်း
မျှဝေမည်
| 43 | 0 | 0 | 0 |


