ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း၌ ဇန်နဝါရီလ ၁၀ ရက် ည ၁၁ နာရီအချိန်မှစတင်ကာ မိုးညှင်းပင်မဓာတ်အားခွဲရုံသို့ ဓာတ်အားပြန်လည်ရောက်ရှိလာပြီဖြစ်သောကြောင့် ခရိုင်အတွင်းရှိ ဒေသအသီးသီးသို့ လျှပ်စစ်ဓာတ်အားများကို အဆင့်ဆင့် ပြန်လည်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း သိရသည်။ ဓာတ်အားပြန်လည်ရရှိချိန်တွင် မိဘပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ပစ္စည်းများအသုံးပြုရာ၌ အထူးဂရုပြုကြရန်နှင့် ဓာတ်အားပြတ်တောက်မှုအပေါ် သည်းခံစောင့်ဆိုင်းပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားပါသည်။
မိုးညှင်းခရိုင်အတွင်း မိုးညှင်းပင်မဓာတ်အားခွဲရုံမှတစ်ဆင့် ဒေသအသီးသီးသို့ လျှပ်စစ်ဓာတ်အားများ ပြန်လည်ဖြန့်ဖြူးပေးနေပြီဖြစ်
Jan 11 • 2:40 AM
မြန်မာ
ကချင်
မျှဝေမည်
| 34 | 0 | 0 | 0 |


