ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့၊ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံကို စည်ပင်နှင့် ရှမ်းချယ်ရီ တောင် တန်း ဆောက်လုပ်ရေး ကုမ္ပဏီတို့အကျိုးတူ လူနေဆိုင်ခန်းတွဲဆောက်လုပ်ရန်စီစဥ်ထားခြင်းဖြစ်သည်။"အခုတော့ စိတ်အေးရပါပြီ ။ စီမံကိန်း ပျက်သွားပါပြီ ။ ပန်းခြံကိုလည်း အဆင့်မြင့် ပန်းခြံ အဖြစ် ဖော်ဆောင် ပေးသွားမယ်လို့လည်း ကြား သိရပါတယ်။” ဟု ဒေသခံ တစ်ဦး က ဆိုသည်။လူနေဆိုင်ခန်းတွဲ ဆောက်မည့် ကိစ္စကို မြို့ခံလူထုနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ သဘောမတူဟု သဘောထား တင်ပြချက်များကြောင့်အဆိုပါ စီမံကိန်းကိုပျက်ပြယ်ခြင်းဖြစ်ကြောင်းသိရသည်။ထိုစီမံကိန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ဆောက်လုပ်ခွင့် ပယ်ချလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ၁၉၇၀ ဝန်းကျင် နောက်ပိုင်းတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ ၊ ပန်းချီ ပန်းပု အနုပညာရှင်ကြီး တစ်ဦး ဖြစ်သော ဦးစံဖေ က ဗိုလ်ချုပ် အောင်ဆန်း ရုပ်တု ကို ထုလုပ်ခဲ့ခြင်း ဖြစ်သည်။



