ရှမ်းပြည်နယ်မှ မြေပြန့်ဒေသဘက် သွားမည်ဆိုလျှင် ကလောနမ့်ပန်တက် စစ်ဆေးရေးဂိတ် ၊ ယင်းမာပင်နှင့် ဘုရားငါးဆူအကြားတွင်ရှိ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်တို့တွင် အချိန်ကြာမြင့်စွာ စစ်ဆေးသလိုဂိတ်ကြေးလည်းအများကြီးပေးဆောင်ရကြောင်းသိရသည်။"ရန်ကုန်.မန်းလေး.တောင်ငူ. နေပြည်တော်.နားတဝိုက်လမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ်တိုင်း ရပ်နား စစ်ဆေးတာကို လက်ခံပါတယ်။ တချို့ကုန်ကျစရိတ်က အရမ်းများပြားစွာကောက်ခံနေသလို. တချို့ဆိုရင်. စာရွက်စာတမ်းတောင်မကြည့်ဘဲ စိတ်ထဲရှိသလို တောင်းခံနေတာလည်းကြုံနေရတယ်။”ဟု ကုန်တင်ယာဉ် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။တောင်ကြီး - ရန်ကုန် လမ်းကြောင်း တစ်လျှောက် ဂိတ်ပေါင်း ရာချီ ဖြတ်သန်းကြရပြီး ၊ တစ်ဂိတ် တစ်ဂိတ်လျှင် ဂိတ်ကြေးများ ၊ တောင်းသလောက် ပေးဆောင်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။ကုန်တင်ယာဉ်ကြီးများ ရရှိသော ကားခ သည် လမ်းကြေး ၊ ဆီဖိုး ၊ ဂိတ်ကြေး တို့ကို ပြန်တွက်လျှင် အုံနာ အိတ်စိုက်ထည့်ရပြီး ၊ ဒရိုင်ဘာခေါက်ကြေး ပျောက်သော အကြိမ်ရေ များလာသဖြင့် ကုန်တင်ယာဉ်ကြီးများ ရပ်နားမှု များပြားလာခြင်း ဖြစ်ကြောင်း ယာဉ်မောင်း တစ်ဦးက ဆိုသည်။



