back

ကျားဖြန့် နှိမ်နင်းရေးနှင့် မဲခေါင်ဒေသ ပူးပေါင်း ဆောင်ရွက်ရေးတို့အတွက် ထိုင်းကို ဒေါ်လာ ၉၂ သန်း အမေရိကန် ပေးမည်

Jan 11 • 2:17 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကျားဖြန့် နှိမ်နင်းရေးနှင့် မဲခေါင်ဒေသ ပူးပေါင်း ဆောင်ရွက်ရေးတို့အတွက် ထိုင်းကို ဒေါ်လာ ၉၂ သန်း အမေရိကန် ပေးမည်

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အပစ်အခတ်ရပ်စဲမှုအပေါ် ဝါရှင်တန်က ကြိုဆိုလိုက်ပြီးနောက် လုံခြုံရေးနှင့် ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေးတို့အတွက် ထိုင်းနိုင...

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အပစ်အခတ်ရပ်စဲမှုအပေါ် ဝါရှင်တန်က ကြိုဆိုလိုက်ပြီးနောက် လုံခြုံရေးနှင့် ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေးတို့အတွက် ထိုင်းနိုင်ငံအား အမေရိကန်က ရန်ပုံငွေ ဒေါ်လာ ၉၂ သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများအရ သိရသည်။ အဆိုပါထောက်ပံ့မှုတွင် ပြည်ပစစ်ဘက်ဆိုင်ရာ ဘဏ္ဍာရေးထောက်ပံ့မှု (FMF) အတွက် ဒေါ်လာ ၆၈ သန်း၊ ကျားဖြန့်ကွန်ရက်များ နှိမ်နင်းရန် ဒေါ်လာ ၁၀ သန်းနှင့် မဲခေါင်-အမေရိကန် မိတ်ဖက်အစီအစဉ်အတွက် ဒေါ်လာ ၁၄ သန်း ပါဝင်ပြီး၊ ဘန်ကောက်မြို့၌ ပြုလုပ်သည့် နှစ်နိုင်ငံတာဝန်ရှိသူများ၏ တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံအား နေတိုးအဖွဲ့ဝင်မဟုတ်သော အဓိကမဟာမိတ်အဖြစ် ထပ်လောင်းအတည်ပြုခဲ့ကြကာ ကုန်သွယ်ရေး၊ အရေးပါသော တွင်းထွက်သယံဇာတများနှင့် မြန်မာ့အရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

12