ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်ရန်အတွက် တစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်၍ လာရောက်သည့် မြန်မာနိုင်ငံသား ၁၃ ဦးကို ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က အယုဒ္ဓယမြို့အနီးရှိ အမြန်လမ်းပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က မသင်္ကာဖွယ် မှန်လုံကားတစ်စီးကို တားဆီးစစ်ဆေးရာမှတစ်ဆင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသားများနှင့်အတူ လိုက်ပါလာသည့် ထိုင်းနိုင်ငံသား ယာဉ်မောင်းကိုလည်း အယုဒ္ဓယရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး၊ ထိုနေ့၌ပင် မဲဆောက်မြို့၌လည်း တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။
ဘန်ကောက်မှာ အလုပ်လုပ်ဖို့ ပွဲစားခ ဘတ် ၁၅၀၀၀ ကနေ ၂၀၀၀၀ အထိပေးပြီးလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦး ထိုင်းရဲနဲ့တွေ့ပြီး ဖမ်းဆီးခံရ
Jan 11 • 2:18 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


