(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို မော်လမြိုင်မြို့၊ ရာမညအားကစားကွင်းတွင် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် ပထမဆု ငွေကျပ် သိန်း ၂၀၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်းနှင့် တတိယ (ပူးတွဲ) ဆု ငွေကျပ် ၇ သိန်းစီ အသီးသီး ချီးမြှင့်မည့်အပြင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုနှင့် နေရာအလိုက် အကောင်းဆုံးဆုရှင်များကိုလည်း ဂုဏ်ပြုငွေများ ပေးအပ်သွားမည်ဖြစ်ကာ ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၆၇၁၄၂၃၂၁၂ နှင့် ၀၉-၂၅၅၈၃၄၈၅၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။
Jan 11 • 2:16 AM
မြန်မာ
မွန်
မျှဝေမည်
| 32 | 0 | 0 | 0 |


