back

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် အမှိုက်ပုံပြိုကျမှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး ၃၅ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်

Jan 11 • 2:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် အမှိုက်ပုံပြိုကျမှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး ၃၅ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၊ စီဘူးမြို့ဆင်ခြေဖုံး ဘီနာလီရှိ ပုဂ္ဂလိကအမှိုက်ပုံတစ်ခုသည် ဇန်နဝါရီလ ၉ ရက် ညနေပိုင်းတွင် ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေ...

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၊ စီဘူးမြို့ဆင်ခြေဖုံး ဘီနာလီရှိ ပုဂ္ဂလိကအမှိုက်ပုံတစ်ခုသည် ဇန်နဝါရီလ ၉ ရက် ညနေပိုင်းတွင် ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၃၅ ဦးခန့် ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာအရာရှိများက ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်တွင် ဝန်ထမ်း ၁၁၀ ဦးရှိသည့် အခင်းဖြစ်ပွားရာနေရာရှိ အဆောက်အအုံအချို့အပေါ်သို့ အမှိုက်များ ပြိုကျဖုံးလွှမ်းခဲ့သဖြင့် အလုပ်သမားအများအပြား ပိတ်မိနေခဲ့ရာ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက လူ ၁၂ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း သေဆုံးသူ အမျိုးသမီးနှစ်ဦးနှင့် မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသူ တစ်ဦးတို့၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ လက်ရှိတွင် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးလုပ်သားများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း စီဘူးမြို့တော်ဝန် နက်စတာ အာချီဗယ်၏ ပြောကြားချက်အရ သိရှိရပါသည်။

news-view-count-icon

31