back

ရန်ကုန်မြို့နယ် (၁၆) မြို့နယ်၌ ရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁၅ သိန်းကျော်ရှိ

Jan 11 • 2:13 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့နယ် (၁၆) မြို့နယ်၌ ရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁၅ သိန်းကျော်ရှိ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် (၁၀၀) တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆက်လက်ကျင...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် (၁၀၀) တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်၊ ဗဟန်း၊ လှိုင်နှင့် ကိုကိုးကျွန်းအပါအဝင် မြို့နယ် (၁၆) မြို့နယ်၌ မဲရုံပေါင်း (၁၁၇၁) ရုံ ဖွင့်လှစ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၅) သိန်းကျော်အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရန်အတွက် မဲစာရင်းဖြတ်ပိုင်းများကို အိမ်တိုင်ရာရောက် ပေးပို့ခြင်းနှင့် မဲရုံများတွင် ဝန်ထမ်းများအင်အားခွဲ၍ တာဝန်ချထားခြင်းများ ဆောင်ရွက်ပေးထားပြီး၊ ပြီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် မြို့နယ် (၁၀၂) မြို့နယ်၌ မဲဆန္ဒရှင် (၁၁) သန်းကျော်အနက် (၆) သန်းကျော် လာရောက်မဲပေးခဲ့ကြောင်းနှင့် အပိုင်း (၃) ပိုင်းစလုံးတွင် တစ်နိုင်ငံလုံး၌ မဲပေးခွင့်ရှိသူ စုစုပေါင်း ၂၄ ဒသမ ၂၆ သန်းခန့်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

29