ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောင်းကော့ကျေးရွာ ရပ်ကွက် (၂) တွင် အိမ်ငှားနေထိုင်သည့် အဘွားဖြစ်သူ ဒေါ်နွယ်နွယ်ထား (၄၇) နှစ်နှင့် မြေးဖြစ်သူ မောင်လေပြည်သွေး (၅) နှစ်၊ မောင်ထက်အောင်ခန့် (၂ နှစ်ခွဲ) တို့ သုံးဦးမှာ ဓားဖြင့် ရက်ရက်စက်စက် ထိုးသတ်ခံရပြီး ရွာအပြင်ဘက် မြေစာပုံတစ်ခုအတွင်း မြေမြှုပ်ဖျောက်ဖျက်ခြင်း ခံခဲ့ရကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် သိရှိရသည်။ အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီလ ၈ ရက်နေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြပြီး ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်း၌ ရေမဆေးကျောက်ရှာဖွေသူများက မြေစာပုံအတွင်းမှ ကလေးငယ်၏ ခြေထောက်ကို စတင်တွေ့ရှိခဲ့ရာမှတစ်ဆင့် ရွာလူကြီးနှင့် ရွာသားများက တူးဖော်ခဲ့ကြခြင်းဖြစ်ကာ လက်ရှိတွင် အဆိုပါလူမဆန်သည့် အမှုမှန်ကို ဖော်ထုတ်နိုင်ရန် KIO အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Jan 11 • 2:12 AM
မြန်မာ
ကချင်
မျှဝေမည်
| 43 | 0 | 0 | 0 |


