ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူနှင့် အချုပ်သား၊ အချုပ်သူများအား တစ်နေ့တာ အာဟာရဒါနအဖြစ် စတုဒိသာထမင်းဟင်းများ ကျွေးမွေးလှူဒါန်းပွဲကို ဇန်နဝါရီလ (၁၀) ရက်နေ့က ကျင်းပခဲ့ရာ အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထား၍ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရနှင့် အလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ကြပြီး ယခုလှူဒါန်းမှုမှာ (၅) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မင်းပြားဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ ကြွရောက်၍ တရားတော်များ ဟောကြားကာ ကုသိုလ်အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အလှူရှင်များဖြစ်ကြသည့် ကိုလင်းနှင့် မအေးမိတို့ကလည်း ယခုကဲ့သို့ ပါဝင်လှူဒါန်းခွင့်ရသည့်အတွက် ဝမ်းသာပီတိဖြစ်ရကြောင်း ပြောကြားခဲ့ကာ ဆရာတော် အသျှင်ကုမာရဦးဆောင်သည့် အလှူရှင်အဖွဲ့သည် အကျဉ်းထောင်များသာမက နှစ်စဉ်လပြည့်နေ့တိုင်း သံဃာတော်များ၊ သီလရှင်များနှင့် အခြေခံအိမ်ထောင်စုများကို လည်း စားသောက်ကုန်များ စဉ်ဆက်မပြတ် လှူဒါန်းလျက်ရှိကြောင်း သိရှိရပါသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား၊ အချုပ်သားများအား အလိုတော်ပြည့်ဆရာတော် ဦးဆောင်၍ (၅) ကြိမ်မြောက် စတုဒိသာကျွေးမွေးလှူဒါန်း
Jan 11 • 2:03 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 80 | 0 | 0 | 0 |


