မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ မုဒုံ-မော်လမြိုင်ကားလမ်း၊ မောင်စိန်ကုန်းကွေ့တွင် ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်ခန့်က မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးတွင် ဘယ်လက်ပွန်းပဲ့ခြင်းနှင့် ဘယ်ဘက်နံရိုးအောင့်ခြင်း ဒဏ်ရာများရရှိခဲ့သဖြင့် မြန်မာ့လူငယ် (မုဒုံ) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က မြေပြင်ကုသမှုများ ဆောင်ရွက်ပေးကာ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရှိရပါသည်။
Jan 11 • 2:05 AM
မြန်မာ
မွန်
မျှဝေမည်
| 61 | 0 | 0 | 0 |



