ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) ရှေ့တွင် ရပ်တန့်ထားသည့် အိမ်စီးကားတစ်စီးအတွင်း၌ သေဆုံးပြီး ပုပ်ပွနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်မှာ ထိုနေရာတွင် ရပ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယနေ့တွင် စည်ပင်ဝန်ထမ်းတစ်ဦး အမှိုက်ရှင်းလင်းရာမှတစ်ဆင့် ကားအနီး၌ အပုပ်နံ့နံသဖြင့် စစ်ဆေးရာမှ သေဆုံးနေသည်ကို စတင်သိရှိခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များလည်း လာရောက်စစ်ဆေးခဲ့ကြောင်း၊ လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို နယ်မြေခံလူမှုကူညီရေးအသင်းမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရပါသည်။
ကြည့်မြင်တိုင်မြို့နယ် အ.ထ.က ၁ ကျောင်းရှေ့မှာ ရပ်ထားတဲ့ အိမ်စီးကားအတွင်းမှာ သေဆုံးပြီး ပုပ်ပွနေတဲ့ အလောင်းတလောင်းတွေ့ရှိခဲ့
Jan 11 • 2:00 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 30 | 0 | 0 | 0 |


