back

တိုက်စစ်ကစားသမားဆာကာကို စာချုပ်သက်တမ်းတိုးဖို့ အာဆင်နယ် သဘောတူညီမှု ရရှိ

Jan 10 • 4:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

တိုက်စစ်ကစားသမားဆာကာကို စာချုပ်သက်တမ်းတိုးဖို့ အာဆင်နယ် သဘောတူညီမှု ရရှိ

အာဆင်နယ်အသင်းဟာ တိုက်စစ်ကစားသမား ဆာကာကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ဆာကာ(၂၄ နှစ်)ဟာ အာဆင်နယ်အသင်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်သစ...

အာဆင်နယ်အသင်းဟာ တိုက်စစ်ကစားသမား ဆာကာကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ဆာကာ(၂၄ နှစ်)ဟာ အာဆင်နယ်အသင်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုမှာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ အသင်းမှာ ရှိနေတော့မှာလည်းဖြစ်ပါတယ်။ဆာကာအနေနဲ့ စာချုပ်သစ်အရ အသင်းရဲ့လစာအများဆုံးကစားသမားတွေထဲ တစ်ဦး ဖြစ်လာပါလိမ့်မယ်။၎င်းဟာ ၂၀၁၈ ခုနှစ်မှာ အသင်းနဲ့ စတင်ပွဲထွက်ကတည်းက အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ တံကောက်ကြောဒဏ်ရာ ရခဲ့ပေမဲ့ ၃၇ ပွဲကစား၊ ၁၂ ဂိုးသွင်း၊ ၁၃ ဂိုးဖန်တီးခဲ့ပါတယ်။အခုရာသီမှာလည်း အသင်းအတွက် ၂၇ ပွဲကစားရာမှာ ခုနစ်ဂိုးသွင်း၊ ခြောက်ဂိုးဖန်တီးထားပါတယ်။အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကလည်း အသင်းကစားသမားတွေဖြစ်တဲ့ ဆာလီဘာ၊ ဂါဘရီယဲလ်၊ နွမ်နယ်ရီနဲ့ လူးဝစ်ဆကယ်လီတို့ကို သက်တမ်းရှည်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။



news-view-count-icon

30