back

ဒီနေ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ ၁၆ ဒီဂရီ စင်တီဂရိတ် အထိ အေးမြမည်

Jan 10 • 4:28 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဒီနေ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ ၁၆ ဒီဂရီ စင်တီဂရိတ် အထိ အေးမြမည်

တရုတ်နိုင်ငံဘက်က ရွေ့လျားလာတဲ့ အားကောင်းတဲ့ လေဖိအားရပ်ဝန်းကြောင့် ထိုင်းနိုင်ငံအထက်ပိုင်းဒေသတွေမှာ လာမယ့် ၂၄ နာရီအတွင်း ရာသီဥတု ဆက်ပြီး အေးနေဦးမယ်လို့ ထိုင်းမို...

တရုတ်နိုင်ငံဘက်က ရွေ့လျားလာတဲ့ အားကောင်းတဲ့ လေဖိအားရပ်ဝန်းကြောင့် ထိုင်းနိုင်ငံအထက်ပိုင်းဒေသတွေမှာ လာမယ့် ၂၄ နာရီအတွင်း ရာသီဥတု ဆက်ပြီး အေးနေဦးမယ်လို့ ထိုင်းမိုးလေဝသဌာနက ဒီနေ့ (ဇန်နဝါရီ ၁၀) မှာ သတိပေးထားပါတယ်။အထူးသဖြင့် ဘန်ကောက်မြို့နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ ရာသီဥတု အေးမြနေမှာဖြစ်ပြီး အနိမ့်ဆုံးအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်ကနေ ၁၉ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပါတယ်။ နေ့ဘက် အမြင့်ဆုံးအပူချိန်ကတော့ ၂၈ ဒီဂရီကနေ ၃၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်မှာ ရှိနေမှာဖြစ်ကာတစ်ခြားဒေသတွေအနေနဲ့ အရှေ့မြောက်ပိုင်း (Isan) မှာ အနိမ့်ဆုံးအပူချိန် ၈ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းနိုင်သလို မြောက်ပိုင်း တောင်ပေါ်ဒေသတွေမှာတော့ ရေခဲတဲ့အထိ အေးနိုင်ပါတယ်။ တောင်ပိုင်း ပင်လယ်ကွေ့အောက်ပိုင်းမှာတော့ လှိုင်းအမြင့် ၂ မီတာကနေ ၃ မီတာအထိ ရှိနိုင်တာကြောင့် လှေငယ်တွေ ဒီနေ့တစ်ရက် ကမ်းမထွက်ကြဖို့ သတိပေးထားပါတယ်။ရာသီဥတု အေးပြီး လေခြောက်တွေ တိုက်ခတ်နေတာကြောင့် ကျန်းမာရေး ဂရုစိုက်ကြဖို့နဲ့ မီးဘေးအန္တရာယ်ကို သတိပြုကြဖို့လည်း မိုးလေဝသဌာနက နှိုးဆော်ထားပါတယ်။


news-view-count-icon

15