သွေးအတွင်းသကြားဓာတ် ပါဝင်မှုအဆင့်ကို ထိန်းချုပ်ထားနိုင်ပါက နှလုံးရောဂါကြောင့် အသက်ဆုံးပါး နိုင်ခြေကို လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားပါတယ်။ဆီးချိုရောဂါမဖြစ်သေးသော်လည်း သွေးအတွင်းသကြားဓာတ် ပါဝင်နှုန်း ပုံမှန်ထက်မြင့်မားသူများ
အနေဖြင့် သကြားဓာတ်ပါဝင်မှုနှုန်းကို ပုံမှန်အခြေအနေတွင် ထိန်းထားနိုင်ပါက နှလုံးရောဂါကြောင့် အသက်ဆုံးပါးနိုင်ခြေကို ၅၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း အမေရိကန်သုတေသနပညာရှင်များက ဆိုထားပါတယ်။သွေးအတွင်း သကြားဓာတ်ပါဝင်မှု ပုံမှန်ထက်မြင့်မားခြင်း ပြဿနာ (Prediabetes) ရှိသူများအနေဖြင့် သွေးအတွင်း သကြားဓာတ်ပါဝင်မှု အဆင့်ကို ပုံမှန်တွင် ထိန်းလာနိုင်ပါက နှလုံးပြဿနာများကြောင့် သက်ဆုံးပါးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်သလို ပုံစံ-၂ ဆီးချိုရောဂါဟာ နှလုံးဖောက်နိုင်ခြေ နှင့် နှလုံးခုန်ရုတ်တရက် ရပ်နိုင်ခြေတို့ မြင့်တက်လာမှုနှင့် ဆက်စပ်နေကြောင်းလည်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားထားပါတယ်။



