မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကနေ ခေါ်ယူထားတဲ့ ဂါနာတိုက်စစ်ကစားသမား အန်တွမ်ဆယ်မန်ညိုကိုအသင်းကစားသမားသစ်အဖြစ် ယမန်နေ့က မိတ်ဆက်ခဲ့ပါတယ်။ဆယ်မန်ညိုဟာ မန်စီးတီးအသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၄၂ ကို ဝတ်ဆင်ကစား
မှာလည်းဖြစ်ပါတယ်။ဆယ်မန်ညိုရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် ၆၅ သန်းလောက်ရှိမယ်လို သတင်းတွေက ဖော်ပြခဲ့ပါတယ်။မန်စီးတီးအနေနဲ့ ပေါင် ၆၂.၅ သန်းကို ၂၄ လအတွင်း အရစ်ကျပေးချေရပြီး အပိုဆုကြေးတွေလည်း ပါဝင်ပါတယ်။မန်စီးတီးအသင်းဟာ ဆယ်မန်ညိုကို ပရီးမီးယားလိဂ်ထိပ်သီးပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်၊ စပါး၊ ယူနိုက်တက်နဲ့ စပါးအသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့တာပါ။၎င်းဟာ ယနေ့ကစားမယ့် အိတ်စ်တာနဲ့ FA Cup တတိယအဆင့်ပွဲ အသင်းလူစာရင်းမှာ ပါဝင်လာမှာလည်းဖြစ်ပါတယ်။



