back

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာမှာ လမ်းဘေးသစ်ပင်ကို ကားဝင်တိုက်မှုဖြစ်ပွား

Jan 10 • 3:22 AM

breaking-news

မြန်မာ

ဧရာ၀တီ

breaking-news
cover

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာမှာ လမ်းဘေးသစ်ပင်ကို ကားဝင်တိုက်မှုဖြစ်ပွား

ယနေ့ ဇန်နဝါရီလ ၁၀ရက် မနက်၃နာရီ ၄၀ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ သဲကုန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၇၇/၃) နှင့် (၇၇/၄)ကြား...

ယနေ့ ဇန်နဝါရီလ ၁၀ရက် မနက်၃နာရီ ၄၀ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ သဲကုန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၇၇/၃) နှင့် (၇၇/၄)ကြားမှာ ရန်ကုန်မှ-ပုသိမ်သို့ မောင်းနှင်လာတဲ့ Toyota Mark II အမျိူးအစား(အဖြူရောင်)ယာဉ်ဟာ လမ်းချော်ပြီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမှာ ရှိတဲ့ မလေးရှား ပိတောက်ပင်အား ဝင်တိုက်မှု ဖြစ်ပွားကြောင်းသိရပါတယ်။ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာကို ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၀၄ နာရီ၃၅မိနစ်အချိန်တွင်ပြီးစီးခဲ့ပါတယ်။ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါအမျိုးသား၁ဦီးနဲ့အမျိုးသမီး၁ဦးဟာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ပြီး ကျောင်းကုန်းလူငယ်များ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။


news-view-count-icon

61