ကချင်ပြည်နယ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ကို (၉) ကျောင်းမြောက် Polytechnic University အဖြစ် ဇန်နဝါရီ ၉ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။အဆိုပါဖွင့်ပွဲကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နည်းပညာနှင့်ကွန်ပျုတာတက္ကသိုလ် ကျောင်းပေါင်း (၆၁) ကျောင်းရှိပြီး ဗန်းမော်၊ လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်၊ မအူပင်တို့တွင်ရှိသည့် နည်ပညာတက္ကသိုလ်များကို ပေါင်းစည်းကာ Polytechnic University ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားထားသည်။



