back

လာအိုဘရူဝါရီကုမ္ပဏီ၏ Vientiane Countdown 2026 ပွဲတော်သို့ လူပေါင်းတစ်သိန်းကျော် တက်ရောက်ဆင်နွှဲ

Jan 10 • 2:43 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုဘရူဝါရီကုမ္ပဏီ၏ Vientiane Countdown 2026 ပွဲတော်သို့ လူပေါင်းတစ်သိန်းကျော် တက်ရောက်ဆင်နွှဲ

လာအိုဘရူဝါရီကုမ္ပဏီမှ ကြီးမှူးကျင်းပသည့် Vientiane Countdown 2026 နှစ်သစ်ကူးပွဲတော်ကြီးကို ဗီယက်ကျင်းမြို့ရှိ အထင်ကရ Patuxay ပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်း...

လာအိုဘရူဝါရီကုမ္ပဏီမှ ကြီးမှူးကျင်းပသည့် Vientiane Countdown 2026 နှစ်သစ်ကူးပွဲတော်ကြီးကို ဗီယက်ကျင်းမြို့ရှိ အထင်ကရ Patuxay ပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ လူပေါင်း ၁၀၀,၀၀၀ ကျော် တက်ရောက်ဆင်နွှဲခဲ့ကြသည်။ အဆိုပါပွဲတော်တွင် Jojo Miracle၊ Cells၊ Taiy Akard နှင့် Barbie အစရှိသော လာအိုနိုင်ငံ၏ နာမည်ကြီးအနုပညာရှင်များ၊ တေးဂီတအဖွဲ့များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်အပြင် ခေတ်မီဆန်းသစ်သော အလင်းအမှောင်၊ အသံစနစ်များ၊ ရင်သပ်ရှုမောဖွယ် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် Patuxay အဆောက်အအုံပေါ်တွင် ပုံရိပ်ယောင်လွှင့်တင်ပြသသည့် Patuxay VDO Mapping ရှိုးတို့ဖြင့် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းမှုကို ပျော်ရွှင်စရာအမှတ်တရများစွာဖြင့် ဖြတ်သန်းခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

10