လာအိုနိုင်ငံ၊ ဗီယက်ကျင်းမြို့၊ Xaythany ခရိုင်တွင် ပိုတက်ရှ်သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ဆက်နွှယ်သော မြေကျွံမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၄ ဦးမှာ ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒေသအတွင်း၌ ၂၀၂၅ ခုနှစ်၊ မေလမှ စတင်ကာ ယခုအကြိမ်အထိ မြေကျွံမှုဖြစ်စဉ် စုစုပေါင်း ၅ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး သတ္တုတူးဖော်ရေး လုပ်ငန်းခွင်များ၏ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်၍လည်း ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
လာအိုနိုင်ငံ၊ ဗီယက်ကျင်းမြို့တွင် ပိုတက်ရှ်တူးဖော်မှုနှင့် ဆက်နွှယ်သည့် မြေကျွံမှုဖြစ်ပွားပြီး လူ ၄ ဦး ပျောက်ဆုံးနေ
Jan 10 • 2:44 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


