ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ဒေသရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ဒေးဝိစေတီတော်မြတ်ကြီး၌ ဘက်စုံပြန်လည်မွမ်းမံခြင်း (၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သံဃာတော်အပါး ၅၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများလောင်းလှူခြင်း၊ (၅) ရက်တိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် လာရောက်သူများအား စတုဒိသာကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ရှေးဟောင်းသမိုင်းဝင် ကျိုက်ဒေးဝိစေတီတော်သည် သာသနာတော်နှစ် ၁၄၈၉ ခုနှစ်ကတည်းက တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပြန်လည်တင်လှူပူဇော်ခဲ့ကြောင်း သိရှိရပါသည်။
Jan 10 • 2:22 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 70 | 0 | 0 | 0 |


