back

ကိုဗစ်ဗီဇပြောင်းပိုး XBB ကူးစက်မှု မြင့်တက်နေသည်ဆိုသော သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အတည်ပြု

Jan 10 • 2:20 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကိုဗစ်ဗီဇပြောင်းပိုး XBB ကူးစက်မှု မြင့်တက်နေသည်ဆိုသော သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အတည်ပြု

လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ကိုဗစ်ဗီဇပြောင်းပိုး XBB ကူးစက်မှုသတိပေးချက်များမှာ မမှန်ကန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖြေကြားခဲ့သည်။ အဆ...

လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ကိုဗစ်ဗီဇပြောင်းပိုး XBB ကူးစက်မှုသတိပေးချက်များမှာ မမှန်ကန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖြေကြားခဲ့သည်။ အဆိုပါ XBB ဗီဇပြောင်းပိုးသည် ၂၀၂၃ ခုနှစ်အတွင်းကသာ ကူးစက်မှုရှိခဲ့သည့် အမျိုးအစားဖြစ်ပြီး လက်ရှိ ၂၀၂၅ ခုနှစ်ကုန်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စစ်ဆေးချက်များအရ ကမ္ဘာတစ်ဝန်းတွင် JN.1 နှင့် KP.3.1.1 ကဲ့သို့သော အိုမီခရွန်ဗီဇပြောင်း မျိုးကွဲသစ်များသာ ကူးစက်မှုရှိနေကာ ရောဂါပြင်းထန်မှု အခြေအနေလည်း မြင့်တက်လာခြင်း မရှိကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆောင်းရာသီကာလ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေပြီး ပြည်သူများအနေဖြင့် လူမှုကွန်ရက်မှ သတင်းအတု၊ သတင်းမှားများကို မယုံကြည်ဘဲ ဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ တိကျစွာ လိုက်နာရန် တိုက်တွန်းထားပါသည်။

news-view-count-icon

30