back

မွန်ပြည်နယ် ရွေးကောက်ပွဲအပိုင်း (၂) ကို မြို့နယ် (၅) မြို့နယ်တွင် ကျင်းပမည် ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၆ သိန်းနီးပါးရှိ

Jan 10 • 2:19 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ် ရွေးကောက်ပွဲအပိုင်း (၂) ကို မြို့နယ် (၅) မြို့နယ်တွင် ကျင်းပမည် ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၆ သိန်းနီးပါးရှိ

မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ရွေးကောက်ပွဲအပိုင်း (၂) ကို လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြ...

မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ရွေးကောက်ပွဲအပိုင်း (၂) ကို လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၅၉၃,၀၀၀ ကျော်ရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ အဆိုပါမြို့နယ်များရှိ လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်နေရာများအတွက် ကိုယ်စားလှယ်လောင်း ၈၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မဲရုံပေါင်း ၃၂၁ ရုံ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြှင့်ထားသော်လည်း ရေးမြို့နယ်ကဲ့သို့သော နယ်မြေအချို့တွင် နိုင်ငံရေးပါတီများ၏ အောင်နိုင်ရေးလှုပ်ရှားမှုများမှာ အခက်အခဲရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) ကို မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ကျိုက်ထိုနှင့် သထုံမြို့နယ်တို့တွင် မဲရုံပေါင်း ၃၃၅ ရုံဖြင့် အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

45