စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင်နှင့် ပါမစ်လျှောက်လွှာများ၏ သက်တမ်းကို ရက်ပေါင်း ၁၈၀ (၆ လ) အဖြစ် ပြင်ဆင်သတ်မှတ်လိုက်ပြီး ပြည်တွင်း၌ ပြန်လည်ရောင်းချရန် တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ကုန်ပစ္စည်းအမျိုးအစားတူညီပါက ပြက္ခဒိန်တစ်လအတွင်း လိုင်စင်တစ်စောင်သာ လျှောက်ထားခွင့်ပြုတော့မည် ဖြစ်သည်။ အဆိုပါ ညွှန်ကြားချက်အရ သတ်မှတ်ထားသည့် ရက်ပေါင်း ၁၈၀ ထက် ကျော်လွန်နေသော လျှောက်ထားမှုများကို Myanmar Tradenet 2.0 စနစ်မှ အလိုအလျောက် ပယ်ဖျက်သွားမည် (Auto Conceal) ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်စွဲပါ အသိပေးကြေညာချက် (၄/၂၀၂၅) ဖြင့် ထုတ်ပြန်ထားရာ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အဆိုပါ စည်းကမ်းချက်သစ်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၆ ဇန်နဝါရီမှစ၍ သွင်းကုန်လိုင်စင်သက်တမ်းကို ရက်ပေါင်း ၁၈၀ သတ်မှတ်ပြီး အမျိုးအစားတူပစ္စည်းများအတွက် တစ်လလျှင် တစ်စောင်သာ ခွင့်ပြုမည်
Jan 10 • 2:17 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 64 | 0 | 0 | 0 |


