ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက်အလုပ်ရုံတစ်ခုမှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၃၈ ဦးအတွက် MHAC အဖွဲ့က နစ်နာကြေးရရှိရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်သားများသည် လုပ်သက် ၃ လမှ နှစ်ပေါင်း ၂၀ ကျော်အထိ ရှိကြသူများဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက နယ်မြေခံအလုပ်သမားရုံး (စဝါဒီကန်) ၌ တိုင်ကြားထားသော်လည်း အလုပ်ရှင်ဘက်မှ လာရောက်ဖြေရှင်းခြင်း မရှိသေးပေ။ ထို့ကြောင့် ဇန်နဝါရီလ ၇ ရက်နေ့တွင် အလုပ်သမားရုံးမှ အမိန့်စာထုတ်ယူခဲ့ကာ လာမည့် ဇန်နဝါရီ ၁၅ ရက်နေ့တွင် အလုပ်ရှင်မှ လာရောက်ရှင်းလင်းခြင်းမရှိပါက တရားရုံး၌ တရားစွဲဆိုသွားမည်ဖြစ်ပြီး အမှုပြီးဆုံးသည်အထိ အလုပ်သမားများနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MHAC အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုဇင်က ပြောကြားထားပါသည်။
ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၈ ဦးအတွက် နစ်နာကြေးရရှိရန် အလုပ်ရှင်ကို တရားစွဲဆိုရန်ပြင်ဆင်နေ
Jan 10 • 2:15 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


