မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့ဘောလုံးလောကတွင် အရည်အချင်းပြည့်ဝသည့် ပရိုနည်းပြများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့် ဘောလုံးပရိုလိုင်စင် (Pro Diploma) သင်တန်းကို လာမည့် မတ်လ ၉ ရက်မှ ၁၇ ရက်အထိ (Module-1) စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့ AFC "A" လိုင်စင်ရရှိပြီး နည်းပြသက်တမ်း အနည်းဆုံး ၂ နှစ်ရှိသူများနှင့် လက်ရှိ MNL ကလပ်များတွင် တာဝန်ထမ်းဆောင်နေသူများ လျှောက်ထားနိုင်ပြီး သင်တန်းသား ၁၅ ဦးသာ ကန့်သတ်လက်ခံမည်ဖြစ်သည်။ သင်တန်းကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် Module တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀ (Module ၅ ခုအတွက် ဒေါ်လာ ၅,၀၀၀) ပေးသွင်းရမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် ဇန်နဝါရီလ ၂၃ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ MFF နည်းပြပညာရေးဌာနသို့ အီးမေးလ်မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။
Jan 10 • 2:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 57 | 0 | 0 | 0 |


