back

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်း (၃) ခု ဖော်ဆောင်ရန်အတွက် ကုမ္ပဏီများကို EOI ခေါ်ယူ

Jan 10 • 2:13 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်း (၃) ခု ဖော်ဆောင်ရန်အတွက် ကုမ္ပဏီများကို EOI ခေါ်ယူ

နေပြည်တော် စည်ပင်သာယာရေးကော်မတီသည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းနှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်များ၌ မြေဧက ၄၀ နီးပါး အသုံးပြုကာ အဆင့်မြင့်အိမ်ရာစီမံကိန်း (၃) ...

နေပြည်တော် စည်ပင်သာယာရေးကော်မတီသည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းနှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်များ၌ မြေဧက ၄၀ နီးပါး အသုံးပြုကာ အဆင့်မြင့်အိမ်ရာစီမံကိန်း (၃) ခုကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါစီမံကိန်းများတွင် ၄ ခန်းတွဲ ၄ ထပ်နှင့် ၆ ထပ် အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး အလုံးစုံရင်းနှီးမြှုပ်နှံ တည်ဆောက်မည့် Developer လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (EOI) ခေါ်ယူထားသည်။ စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာပုံစံများကို ဇန်နဝါရီလ ၁၃ ရက်နေ့မှစ၍ ဝယ်ယူနိုင်ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

32