မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲကို လာမည့် ဇန်နဝါရီလ ၂၂ ရက် (တပို့တွဲလဆန်း ၅ ရက်) တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန် အပြည့်အဝ စီစဉ်ထားကြောင်း ဂေါပကအဖွဲ့မှ သိရသည်။ ယခုနှစ်ပွဲတော်အတွက် ဈေးဆိုင်ခန်း ၇၀၀ ကျော်နှင့် တည်းခိုဆောင် အခန်း ၅၀၀ ကျော်ကို တည်ဆောက်ထားရှိသည့်အပြင် ဘုရားဖူးများ၏ ကျန်းမာရေးအတွက် ၂၄ နာရီဆေးခန်းများ ဖွင့်လှစ်ပေးခြင်း၊ မန်းချောင်းအတွင်း ရေချိုးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရေနက်ပိုင်း၌ အတားအဆီးများ ပြုလုပ်ခြင်းနှင့် ဆင်စခန်းသို့ ယာဉ်လိုင်းများ ပြေးဆွဲပေးခြင်းတို့ကို ဆောင်ရွက်ပေးထားကာ ပွဲတော်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ရှည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဘုရားဖူးများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား
Jan 10 • 2:11 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 46 | 0 | 0 | 0 |


