ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၏ မြောက်ဘက် တစ်မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ၃.၄ ရစ်(ခ်)တာစကေးရှိ အနည်းငယ်ပြင်းသော ငလျင်တစ်ခုသည် ယနေ့ ဇန်နဝါရီလ ၉ ရက်၊ နေ့လယ် ၂ နာရီ ၃၆ မိနစ်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါငလျင်သည် အင်အားပြင်းငလျင်ကြီးတစ်ခု၏ နောက်ဆက်တွဲငလျင် (Aftershock) အဖြစ် ၂၆၀ ကြိမ်မြောက် လှုပ်ခတ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက် ညပိုင်းကလည်း မန္တလေးမြို့ကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်နှစ်ခု မိနစ်ပိုင်းခြားကာ လှုပ်ခတ်မှုများ ရှိခဲ့ကြောင်း သိရှိရပါသည်။
Jan 10 • 2:07 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 30 | 0 | 0 | 0 |


