back

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမားလ် သတ်မှတ်ခံရ

Jan 10 • 2:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမားလ် သတ်မှတ်ခံရ

ဆွစ်ဇာလန်အခြေစိုက် CIES Football Observatory ၏ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံး ကစားသမား (၁၀၀) စာရင်းတွင် ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမားလ...

ဆွစ်ဇာလန်အခြေစိုက် CIES Football Observatory ၏ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံး ကစားသမား (၁၀၀) စာရင်းတွင် ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမားလ်က ယူရို ၃၄၃.၁ သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရသည်။ အဆိုပါသတ်မှတ်ချက်တွင် ကစားသမား၏ အသက်၊ စွမ်းဆောင်ရည်နှင့် စာချုပ်သက်တမ်းတို့ကို အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူး ဟာလန်း (ယူရို ၂၅၅.၁ သန်း) က ဒုတိယနှင့် ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေ (ယူရို ၂၀၁.၃ သန်း) က တတိယနေရာတွင် အသီးသီးရှိနေသည်။ ထူးခြားချက်အနေဖြင့် ၂၀၂၅ ခုနှစ်အတွက် Ballon d’Or ဆုရှင် ဒမ်ဘီလီသည် အဆိုပါ တန်ဖိုးအမြင့်ဆုံး ထိပ်သီးစာရင်းတွင် ပါဝင်လာခြင်းမရှိသော်လည်း ဘိုင်ယန်မြူးနစ်မှ အိုလီဆေးနှင့် လီဗာပူးလ်မှ ဗက်ဇ်တို့က ထိပ်ဆုံး (၁၀) ဦးစာရင်းတွင် ပါဝင်လာကြောင်း သိရှိရပါသည်။

news-view-count-icon

33